Épisodes

  • ကိုယ်ဝန်ဆောင်ချိန်တွင် ခြေသလုံး ကြွက်တက်ခြင်း (အပိုင်း ၂) Leg cramps during pregnancy (Part 2)
    Jul 25 2025


    ကိုယ်ဝန်ဆောင်ကာလမှာ ကြွက်တက်ခြင်းဟာ အဖြစ်များသလား?

    တကယ်လို့ သင်ဟာ ခြေထောက်တွေ ကြွက်တက်လို့ စိတ်ညစ်နေတယ်ဆိုရင် ဒါဟာ သင်တစ်ယောက်ထဲ ခံစားနေရတာ မဟုတ်ပါဘူး။ လေ့လာတွေ့ရှိချက်တွေအရ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ၃၀ ကနေ ၅၀ ရာခိုင်နှုန်း အထိဟာ ခြေထောက်ကြွက်တက်ခြင်း ဖြစ်ကြပါတယ်။1 ကိုယ်ဝန်ရဲ့ ဒုတိယ၁၂ ပတ်တာ ကာလနှင့် တတိယ ၁၂ ပတ်တာ ကာလမှာ ပိုအဖြစ်များပါတယ်။

    Afficher plus Afficher moins
    4 min
  • ကိုယ်ဝန်ဆောင်ချိန်တွင် ခြေသလုံး ကြွက်တက်ခြင်း (အပိုင်း ၁) Leg cramps during pregnancy (Part 1)
    Jul 25 2025


    · ကြွက်တက်ခြင်းဆိုတာ ဘာလဲ?

    · ကိုယ်ဝန်ဆောင်ချိန်မှာ ခြေသလုံး ကြွက်တက်ခြင်း အဖြစ်များသလား?

    · ဘာကြောင့်ဖြစ်ရသလဲ?

    · ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ Restless leg syndrome ခေါ် ခြေထောက်တွေ အငြိမ်မနေနိုင်အောင် ဖြစ်တဲ့ ရောဂါ ဆိုတာ ဘာလဲ?

    · ကိုယ်ဝန်ဆောင်ချိန်မှာ ခြေသလုံးကြွက်တက်ရင် လုပ်ဆောင်ရမယ့် အချက်များ က ဘာတွေလဲ?

    Afficher plus Afficher moins
    3 min
  • ကိုယ်ဝန်ဆောင်ကာလ၏ စိတ်ပိုင်းဆိုင်ရာ အခက်အခဲများကို ဖြေရှင်းခြင်း (အပိုင်း ၂) Handling emotional impact of pregnancy (Part 2)
    Jul 25 2025


    စိတ်ပိုင်းဆိုင်ရာ အခက်အခဲများကို သင်တစ်ယောက်တည်း မခံစားပါနဲ့!

    ကိုယ်ဝန်ဆောင်ကာလမှာ စိတ်ခံစားချက်တွေ ကမောက်ကမဖြစ်ခြင်းဟာ အဖြစ်များတတ်ပါတယ်။ ကိုယ်ဝန်ဆောင် ကာလ ဆိုတာ အမြဲပျော်ရွှင် မြူးတူးနေသင့်တယ်လို့ လူတိုင်းက သင့်အား ‌ပြောကောင်း ပြောနေပါလိမ့် မယ်။ အချို့သော ကိုယ်ဝန်ဆောင်မိခင်များဟာ ပျော်ရွှင်မှုထက် စိတ်ဓာတ်ကျခြင်း သို့မဟုတ် စိတ်အပြောင်း အလဲများ ကို ပိုလို့ ခံစားရတတ်ပါတယ်။

    Afficher plus Afficher moins
    5 min
  • ကိုယ်ဝန်ဆောင်ကာလ၏ စိတ်ပိုင်းဆိုင်ရာ အခက်အခဲများကို ဖြေရှင်းခြင်း (အပိုင်း ၁) Handling emotional impact of pregnancy (Part 1)
    Jul 25 2025

    ကိုယ်ဝန်ဆောင်ခြင်းရဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများက အချက်များစွာကြောင့် ဖြစ်ရပါတယ်။ ကိုယ်ဝန် ဆောင်ဟော်မုန်းများမှာ ထိုအချက်များထဲက တစ်ခုပါ။ သင်ဟာ ရာသီလာရင် စိတ်အတက်အကျတွေ ဖြစ်တတ် ပါသလား? ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ စိတ်အခန့်မသင့်ခြင်းကလည်း အဲ့လိုစိတ်အတက်အကျတွေလိုပါပဲ။ အချို့လူ တွေမှာ ရာသီလာရင်ဖြစ်တဲ့ စိတ်အတက်အကျတွေထက် ပိုတောင် ဆိုးနိုင်ပါတယ်။

    သင့်ခန္ဓာကိုယ်ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ထွက်လာတဲ့ ဟော်မုန်းပမာဏများစွာ နဲ့ ရင်ဆိုင်နေရပါတယ်။ ဟော်မုန်းများ ဟာ ဖွံ့ဖြိုးဆဲကလေးငယ် ကျန်းမာစေရေးအတွက် မရှိမဖြစ်လိုအပ်တာ မှန်ပေမယ့် သင့်အတွက်လည်း ပေးဆပ် ရတာတွေ ရှိပါတယ်။ ဒီဟော်မုန်းတွေက သင့်စိတ်ကို ပြောင်းလဲစေနိုင်ပါတယ်။ ကိုယ်ဝန် ပထမ (၁၂) ပတ်တာ ကာလမှာ ခံစားရတဲ့ အော့အန်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း တို့ကလည်း သင့်ကိုထပ်ပြီး ပင်ပန်းစေနိုင်ပါတယ်။ အထူး သဖြင့် ဒီပထမ (၁၂)ပတ်တာကာလမှာ စိတ်အပြောင်းအလဲ‌တွေ အလွန်အဖြစ်များ တတ်ပါတယ်။

    Afficher plus Afficher moins
    5 min
  • ကိုယ်ဝန်ဆောင်မိခင်များတွင် ကလေးစလှုပ်ချိန်တွင် သိကောင်းစရာများ (Dr Nyein Moe Thaw)
    9 min
  • ကိုယ်ဝန်ရှိပြီလို့ စသိရင် ဘယ်အချိန်မှာ‌ဆေးခန်းစပြသင့်သလဲ? (Dr Nyein Moe Thaw)
    10 min
  • ကိုယ်ဝန်ဆောင်စဥ် ရင်သားနာကျင်ခြင်း (အပိုင်း- ၂)
    3 min
  • ကိုယ်ဝန်ဆောင်စဥ် ရင်သားနာကျင်ခြင်း (အပိုင်း-၁)
    3 min